Food Bank
မင်္ဂလာပါ
ကျွန်တော်တို့ Food Bank ဆိုတာဘာလဲ ??
အမှန်တော့ ဘာမှ မဟုတ်ပါဘူး


Bank ဆိုတာ မိမိအတွက် တန်ဖိုးရှိပီး တန်ဖိုးထားတဲ့ အရာတွေကို စနစ်တကျ ထိမ်းသိမ်ထားတဲ့ နေရာဆိုတာ အားလုံးလဲ သိမှာပါ …
အဲဒီလိုဘဲ ကျွန်တော်တို့ Food bank ဆိုတာ အနံ့အရသာ perfect ဖြစ်တဲ့ Food တွေအစုံ ရနိုင်တဲ့နေရာတစ်ခုဆို မမှားပါဘူး …
ဘာတွေရမလဲ .. ???
ဘာတွေ ရလဲလာမမေးနဲ့
ဘာစားချင်လဲသာ ပြောလိုက်
စားချင်တာ အကုန်ရမယ် ..
ဈေးကြီးမှာလား .. ???
ဈေးသက်သာချက်ကတော့ ရပ်ကွက်ထဲက ကလေးတွေခေါ်ပီး ပါးရိုက်ကျွေးလို့ရတဲ့ ဈေးတွေနဲ့ ဝန်ဆောင်မှု့ပေးမှာပါ …
အရသာ .. ???
အဲဒါကတော့ တစ်ခု ကြိုတင် သတိပေးချင်ပါတယ် ..
Food Bank က အစားအစားတွေကို စားရင် မိသားစု မိတ်ဆွေ သူငယ်ချင်း ချစ်ရသူတွေနဲ့ တူတူစားပါ … တစ်ယောက်တည်း မစားပါနဲ့ ..
ဘာလို့လဲဆိုဆော့ အရသာကောင်းလွန်းလို့ ဆွေးမျိုးပါ မေ့သွားမှာ ဆိုးလို့ပါ


သတိပေးတယ်နော်
တစ်ယောက်တည်းစားလို့ ဆွေးမျိုးတွေ မေ့သွားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံလိုသာမှတ်
အပြစ်လာမတင်နဲ့နော်
ဘယ်လို ဝန်ဆောင်မှု့တွပေးမလဲ ???
အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်ဘဲ အစားအသောက် ကောင်းကောင်း စားချင်တဲ့ ငပျင်းလေးတွေ အတွက် အရမ်း fine တဲ့ ဝန်ဆောင်မှု့လဲပါမယ် …
party တွေမှာ buffet Catering ဈေးသက်သက်သာသာနဲ့ ကျွေးမွေးချင်တဲ့ သူတွေအတွက်လဲ ဝန်ဆောင်မှု့တွေလဲ ပါမယ် …
အဓိကကတော့ အဲဒိ ၂ ချက်ပါဘဲ
အဲဒိ ဝန်ဆောင်မှုတွေက အခုတော့ မရသေးဘူးနော် ကြိုပြောထားတာ


လက်ဖက်ကောင်းကောင်းစားချင်ရင် ပလောင်တောင်တက် နှေးရတယ် ဆိုတဲ့ စကာပုံအတိုင်းပေါ့
မကြာမီတော့ လာပါမည် ..


